“ကွန်ပျုတာတက္ကသိုလ်၊ ကွန်ပျူတာနှင့် နီးနွယ်တက္ကသိုလ်များမှ ကျောင်းသား/သူများအတွက် ကြားကာလပညာရေးအဆက်မပြတ်စေရန်ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့(Interim Board of Education)မှ အတန်းများပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း ကြေညာခြင်း”
တော်လှန်ရေးအချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့(Interim Board of Education) မှကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားနိုင်မည့်အခွင့်အရေးမဆုံးရှုံးစေရန်အတွက် အတန်းများကို ဒီဇင်ဘာလမှစ၍ ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။
မကြာခင်မှာလည်း နောက်ထပ်အတန်းတွေဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် ပေ့ခ်ျကို စောင့်ကြည့်ပေးဖို့ သတင်းပါးလိုက်ရပါတယ်။