၂၀၂၄ခုနှစ်၊ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသည့်ကျောင်းသား/သူများအတွက်အရည်အချင်းစစ်စာမေးပွဲ လမ်းညွှန်

  • ၂၀၂၄ ခုနှစ် ဇွန်လမှစတင်ကာ MES မှတဆင့် National University of Computer Studies (NUCS)သို့  တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့ကြသော ကျောင်းသား/သူများအနက်မှ အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ခံထားသော ကျောင်းသား/သူများ၏ MES Dashboard ပေါ်တွင် ဝင်ခွင့် စာမေးပွဲဆိုင်ရာ အောက်ပါအချက်အလက်များကို တင်ပေးထားပါသည် –
    • စာမေးပွဲဖြေဆိုရမည့် နေ့ရက်
    • စာမေးပွဲ ဖြေဆိုရန် Username နှင့် Password 
  • အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် သတ်မှတ်ပေးသော နေ့ရက်များသည် ကျောင်းသား/သူတစ်ဦးနှင့်တစ်ဦး တူညီမည်မဟုတ်ဘဲ ကျောင်းသား/သူများသည် မိမိတို့အတွက် သတ်မှတ်ပေးထားသော နေ့ရက်များအတွင်းသာ မပျက်မကွက် ဝင်ရောက် ဖြေဆိုရမည်ဖြစ်သည်။ 
  • အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ခြင်းတွင်  မည်သည့်အကြောင်းပြချက်ကိုမှ ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ သတ်မှတ်ပေးထားသည့် စာမေးပွဲနေ့ရက်များတွင် မပျက်မကွက် (မပျက်မကွက်) ဝင်ရောက်ဖြေဆိုရန် တိုက်တွန်းပါသည်။ 
  • ကျောင်းသား/သူများသည် မိမိတို့၏ MES Dashboard တွင်ပေးထားသော အချက်အလက်များဖြင့် နေရာကိုနှိပ်၍ Login ဝင်ရောက်ပြီး –  
    • စာမေးပွဲသတ်မှတ်ချက်များနှင့် ဖြေဆိုရမည့်ဘာသာရပ်များ၏မေးခွန်းပုံစံများကို ယခုမှစ၍ ဖတ်ရှုနိုင်ပါသည်။ 
    • ဖြေဆိုရမည့်စနစ် အသုံးပြုနည်း လမ်းညွှန်ကို (၂၅.၈.၂၀၂၄) မှစ၍ ဖတ်ရှုနိုင်ပါသည်။ 
    • မိမိတို့အတွက် ဖြေဆိုရန်သတ်မှတ်ပေးထားသည့် နေ့ရက်များတွင်သာ ဖြေဆိုရမည့်စာမေးပွဲကို တွေ့မြင်နိုင်ပြီး၊ (၁၅) မိနစ်စာ နမူနာစာမေးပွဲ (Sample Question) ကိုလည်း ကြိုတင်ဖြေဆိုကြည့်နိုင်ပါသည်။ 
  • ဖြေဆိုရန် သတ်မှတ်ပေးထားသောရက်များအတွင်း မိမိနေရာ၏ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်း အဆင်ပြေသည့်အချိန်တွင် ဖြေဆိုနိုင်သည်။ ဝင်ခွင့်စာမေးပွဲကို လက်ရှိအင်တာနက်လိုင်းများနှင့် လျှပ်စစ်မီး ရရှိမှု အခြေအနေများကြောင့် (၂) ကြိမ် ဖြေဆိုခွင့်ပြုမည် ဖြစ်ပြီး အမှတ်အများဆုံးရမှတ်ကိုသာ အတည်ယူပါမည်။
  • ကျောင်းသား/သူများအနေဖြင့် မိမိတို့ကို သတ်မှတ်ပေးထားသော User Name နှင့် Password များကို မည်သူ့ကိုမှ၊ မည်သည့်အကြောင်းကြောင့်ဖြင့်မှ မပေးပါရန် အထူးသတိပေးလိုပါသည်။
  • ဤစာမျက်နှာရှိ အချက်အလက်များကို အလျဉ်းသင့်သလို ပြုပြင်ပြောင်းလဲမည် ဖြစ်ပါသဖြင့် ကျောင်းသား/သူများအနေဖြင့် မိမိတို့ အရည်အချင်းစစ် စာမေးပွဲ မဖြေဆိုခင်အချိန်အထိ ဤစာမျက်နှာကို အမြဲဝင်ရောက် ကြည့်ရှုရန် တိုက်တွန်းပါသည်။
  • NUCS ၏ Email၊ Facebook နှင့် Telegram များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။