ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များမှ ပညာသင်ယူခွင့်ရပ်တန့်နေခဲ့သော ကျောင်းသား/သူများအတွက် သင်ကြားရေးအစီအစဉ်များကို ပြန်လည်စတင်ကြောင်း ကြေညာချက်
အောက်တိုဘာ ၁၅၊ ၂၀၂၄
- Covid-19 ဖြစ်ချိန်မှစ၍ သင်တန်းများရပ်တန့်ခဲ့ရပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လျှက်ယခုတိုင် CDM ပြုလုပ်ထားသည့် ကျောင်းသား/သူများ ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာကွန်ပျူတာနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များ၏ သင်တန်းနှစ်အသီးသီးကို NUCS မှ သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။
- NUCS အနေဖြင့် အောက်ပါ ကွန်ပျူတာနှင့်ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များမှ ကွန်ပျူတာဘာသာရပ်အထူးပြု ကျောင်းသား/သူများကို လက်ခံသင်ကြားပေးမည် ဖြစ်ပါသည်။
- ကွန်ပျူတာတက္ကသိုလ်များ (UCSY, UCSM အပါအဝင်) ပထမနှစ်မှ စတုတ္ထနှစ်အထိ
- သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(UIT)၊ ပထမနှစ်မှ စတုတ္ထနှစ်အထိ
- မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) မှ (Computer Science Engineering, Electronic and Communication Engineering) မေဂျာများ – ပထမနှစ်မှပဉ္စမနှစ်အထိ
- နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) (UT-YCC) မှ (Information Science and Technology, Computer Engineering) မေဂျာများ – ပထမနှစ်မှပဉ္စမနှစ်အထိ
- နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် https://ucs-iboe.org/final-continuing/ တွင် သီခြားကြေညာထားပြီး ဖြစ်ပါသဖြင့် နောက်ဆုံးနှစ်ကျောင်းသား/သူများသည် အဆိုပါ သီးခြားကြေညာချက်အတိုင်း ပြီးမြောက်ရမည့် Course Achievement များ၊ ပြီးခဲ့သည့် သင်တန်းနှစ်များမှ ခုံနံပါတ်၊အမှတ်စာရင်းတိုကို တင်ပြပြီး ဘွဲလက်မှတ်၊ Grading Certificate များ ထုတ်ယူနိုင်ပါသည်။
- ယခု ဖွင့်လှစ်ပေးမည့် သင်တန်းများအတွက် NUCS မှ ကွန်ပျူတာသိပ္ပံဘွဲ (B.C.Sc.) နှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.) နှစ်မျိုးကိုသာ ထုတ်ပေးသွားမည်ဖြစ်သည်။ အထူးပြုမေဂျာအလိုက် – ဥပမာ B.C.Sc. (Knowledge Engineering) , B.C.Tech. (Embedded System) ကဲ့သို ထုတ်ပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
- ပထမနှစ်မှ စတုတ္ထနှစ်အထိ ကျောင်းသား၊သူများ အောက်ပါအစီအစဉ်အတိုင်း လျှောက်ထားရမည် –
- ပူးတွဲပါ Google Form တွင် မိမိ ရပ်တန့်နေခဲ့သည့် သင်တန်းနှစ်အလိုက် အချက်အလက်များကိုဖြည့်သွင်းလျှောက်ထား ရပါမည်။
- Form ဖြည့်ပြီးသူများသည် (၂၈-၁၀-၂၀၂၄) ရက်နေ့မှ (၂၇-၁၁-၂၀၂၄) ရက်နေ့အတွင်း MES (Myanmar Education System) Platform တွင် ဝင်ရောက် စာရင်းသွင်းရမည် ဖြစ်ပါသည်။ MES သို ဝင်ရောက်စာရင်းသွင်းနည်း အပြည့်အစုံကို (၂၈-၁၀-၂၀၂၄) ရက်နေ့ မတိုင်မှီ ထုတ်ပြန်ပေးပါမည်။
Form ဖြည့်သွင်းရန် Link : https://forms.gle/mgmFkWu8XNAJaLAD9
- လျှောက်ထားသူ၏ အချက်အလက်များကို စိစစ်မှုများ ပြုလုပ်ပြီး Online learning စနစ်ဖြင့် သင်ယူနိုင်မည့် User account information များကို ကျောင်းသား၊သူ၏ MES Account Dashboard တွင် ပြန်လည်တင်ပေးမည်ဖြစ်ပြီး (၁၂ – ၁၂ – ၂၀၂၄) ရက်နေ့မှ စတင်ပြီး သင်ယူနိုင်မည် ဖြစ်သည်။
- Google Form နှင့် MES တွင်အချက်အလက် မှားယွင်းဖြည့်သွင်းထားသော (သိုမဟုတ်) အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ပါ။
- သင်တန်းများအားလုံးသည် Fully-Online စနစ်ဖြင့် သင်ကြားမည် ဖြစ်ပါသည်။ သင်တန်းနှစ်အလိုက် လေ့လာရမည့် ဘာသာရပ်အချက်အလက်များနှင့် လေ့လာရမည့်ပုံစံ အသေးစိတ်တိုကို ထပ်မံကြေညာပေးပါမည်။
- ထပ်မံသိရှိမေးမြန်းလိုပါက အောက်ပါနေရာများမှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည် –
ကျောင်းသားရေးရာဌာန
National University of Computer Studies (NUCS)