အခြေခံကစ လေ့လာသင်ယူရမယ့် Arduino Embedded System
ဒီနေ့ခေတ်မှာ နေ့စဉ်အသုံးပြုနေကျ အရာအများစုဟာ နည်းပညာနဲ့ နှီးနွယ်ဆက်သွယ်နေကြပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ နည်းပညာသုံးပစ္စည်းတွေကို ဘယ်လိုမျိုး ဖွဲ့စည်းထားတယ်၊ ဘယ်လိုအလုပ်လုပ် ဆိုတာ စနစ်တကျလေ့လာသိရှိစေဖို့အတွက် ကွန်ပျူတာ တက္ကသိုလ်များရဲ့ ကြားကာလ ပညာလသင်ကြားရေး အစီအစဉ်ကနေ “Arduino Embedded System” class ကို ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။
နေ့စဉ်အသုံးပြုနေကျ နည်းပညာသုံး လျှပ်စစ်ပစ္စည်းတိုင်းကို embedded system နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ Embedded System ဆိုတာဟာ hardware နဲ့ software ပေါင်းစည်းထားတဲ့ systemတစ်ခုဖြစ်ပြီး စက်ပစ္စည်းတွေအနေနဲ့ စွမ်းဆောင်ရည်ရှိလာအောင် ထိန်းညှိပေးထားတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ လျှပ်စစ်ထမင်းအိုးတစ်အိုးမှာ ထမင်းကျက်တဲ့ အချိန်ဆို ထမင်းအိုးအလိုလျောက် တက်သွားတာမျိုး၊ လေအေးပေးစက် အပူထိန်းညှိခြင်း process တွေအကုန်လုံးဟာ embedded systemကနေ ရေးဆွဲပြီး အလုပ်လုပ်စေတာဖြစ်ပါတယ်။Arduinoဆိုတာကတော့ microprocessor တစ်ခုဖြစ်ပြီး ဒီသင်တန်းမှာဆိုရင် Arduino microprocessorကို အသုံးပြုပြီး embedded system တစ်ခုကိုယ်တိုင်တည်ဆောက်နိုင်အောင်လေ့ကိင့်သင်ကြားပေးမှာဖြစ်ပါတယ်။
ဒီသင်တန်းမှာဆိုရင်
- Embedded System နဲ့ Arduino အကြောင်းကို နှံ့နှံ့စပ်စပ်သိရှိနိုင်ဖို့
- Ardunio ကိုအသုံးပြုပြီး development boardတစ်ခုတည်ဆောက်နိုင်ဖို့နဲ့ Arduino modules တွေအကြောင်း
- Ardunio အခြေပြုပြီး Embedded System တစ်ခု ဘယ်လိုတည်ဆောက်ကြမလဲ။
- Ardunio အခြေပြုပြီး Embedded Systemတစ်ခုကို ဘယ်လိုမျိုး မြှင့်တင်ပြောင်းလဲရမလဲဆိုတာတွေကို သင်ကြားရမှာဖြစ်ပါတယ်။
အခြေခံကနေစ လေ့ကျင့်သင်ကြားပေးမှာဖြစ်တဲ့အတွက် ပညာရေးသပိတ်မှောက်ထားတဲ့ ကွန်ပျူတာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်နှီးနွယ်ကျောင်းကကျောင်းသားတွေအပြင် တခြားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေလည်းအခမဲ့ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။
သင်တန်းချိန်အနေနဲ့ ရုံးချိန်လွတ် ၇နာရီခွဲမှ ၉နာရီခွဲအထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး တစ်ပတ်ကိုလေးရက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Registration ကို 2ရက်နေ့မှ 5ရက်နေ့အထိသာဖွင့်ပေးထားမှာ ဖြစ်တာကြောင့် သတ်မှတ်လူဦးရေ မပြည့်ခင် အချိန်မှီ စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Registration Link – https://forms.gle/EYE8hmyZkJ44CwCK6