Author: ucsiboe

Grammar Elementary Course

Grammar Elementary Class ယနေ့ခေတ်မှာ English ဘာသာဟာ ကမ္ဘာသုံးဘာသာစကားအဖြစ်သတ်မှတ်ထားခံရဆဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ English ဘာသာစကားကို အခြေခံကျကျ သိကျွမ်းနားလည်ထားဖို့လိုပါတယ်။ Foundation ကောင်းမှလည်း Advanced Level အဆင့်များအထိ ကောင်းမွန်စွာ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပညာရေးသပိတ်မှောက်ကျောင်းသားများအတွက် English Elementary Class လေးတစ်ခုကို စီစဉ်ပေးထားပါတယ်နော်။ တက်ရောက်နိုင်မယ့်သူများကတော့ ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့် နှီးနွယ်သောတက္ကသိုလ်များမှ ပညာရေးသပိတ်မှောက်ကျောင်းသားများပဲဖြစ်ပါတယ်။ Zoom မှ တဆင့်သင်ကြားပေးမယ့် ဒီအတန်းလေးဟာ နိုဝင်ဘာ (၇) ရက်နေ့မှာ စတင်ပြီး ကာလအားဖြင့် ဆယ်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များမှာ ညနေ ၅ နာရီမှ ၆ နာခွဲ (5:00 pm to 6:30 pm) ထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ လာရောက်လျှောက်ထားသူများအနေနဲ့ အောက်ဖော်ပြပါ Form လေးမှာ စာရင်းပေးသွင်းထားနိုင်ပြီး တက်ရောက်ခွင့်ရရှိသူများကို Email မှ တဆင့်ပြန်လည်အကြောင်းကြားသွားမှာဖြစ်ပါတယ်။ လူဦးရေအကန့်အသတ်ရှိတာကြောင့် အခုပဲ စာရင်းသွင်းလိုက်ကြရအောင်နော်။ Registration Form link –https://forms.gle/pHU71SCNHuF4wSAq6 

Businesses Intelligence Class

Businesses Intelligence Class အခြေခံကစပြီး လေ့လာနိုင်မယ့် Businesses Intelligence Classကို ကြားကာလပညာသင်ကြားရေးအစီအစဉ်အနေနဲ့ အခမဲ့ တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။ “Fundamental of Business Intelligence” မှာ BI technologyကို အခြေခံကစ သင်ကြားပေးသွားမှာဖြစ်ပြီးတော့၊organizationsတွေအတွက် ကောင်းမွနိတွေ decision တွေချပေးနိုင်ဖို့ BIကို ဘယ်လို အသုံးချမလဲဆိုတာတွေရယ်၊ BI technology ကို သဘောပေါက်နားလည်ပြီး BI software တွေ၊ ဘယ်လို toolsတွေကို အသုံးပြုနိုင်မလဲဆိုတာအထိ စနစ်တကျသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ နည်းပညာကို အခုမှစပြီးလေ့လာသူတွေ၊ နည်းပညာအခြေခံမရှိသေးတဲ့ သူတွေလည်း စတင်လေ့လာနိုင်‌တဲ့ courseဖြစ်ပြီး BI နဲ့ ပတ်သက်လို့ career စတင်ချင်သူတွေအတွက်လည်း လေ့လာနိုင်ပါတယ်။ သင်တန်းကာလအနေနဲ့ ၅ပတ်မျှ လေ့လာသင်ကြားပေးသွားမှာဖြစ်ပြီး assignment နဲ့quizတွေလည်း ပါမှာမို့လို့ စနစ်တကျလေ့လာ‌ချင်သူတွေအတွက် အခွင့်အရေးကောင်း ဖြစ်ပါတယ်။CDMလုပ်ထားတဲ့မည်သည့်တက္ကသိုလ်မှ ကျောင်းသားမဆို လေ့လာသင်ယူနိုင်မှာဖြစ်တာကြောင့် သတ်မှတ်လူဦးရေ မပြည့်ခင် အောက်ပါ linkမှ တဆင့် စာရင်းပေးပို့ လျှောက်ထားနိုင်ပါတယ်။ Registration Form – https://forms.gle/rUs9hR4Tdfw445tW7

Computer Fundamentals & A+

Computer fundamental & A+ ကွန်ပျူတာတက္ကသိုလ်များနဲ့ ကွန်ပျူတာနှီးနွယ် တက္ကသိုလ်များကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကြားကာလပညာသင်ကြားရေးအစီအစဉ်အဖြစ် လူတိုင်းနားလည်တတ်ကျွမ်းသင့်တဲ့ ကွန်ပျူတာအခြေခံ နှင့် A+အတန်းကို ဒုတိယအကြိမ်အဖြစ် ထပ်မံ့လိုက်ပါပြီ။ITကို အခြေခံကနေစနစ်တကျ သင်ယူလိုသူတွေနဲ့ ကိုယ်တိုင် အသုံးပြုနေရတဲ့ ကွန်ပျူတာအကြောင်း သိရှိလိုသူတွေအတွက် Computer fundamental & A+ အကြောင်းကို သင်ယူနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။ ဘာတွေသင်ပေးမှာလဲ။ကွန်ပျူတာ တပ်ဆင်တည်ဆောက်ထားပုံတွေ၊ Concept problemတွေ၊ Errorရှင်းနည်းတွေနဲ့ Solution problemတွေကို အခြေခံမှတစ်ဆင့် ဘယ်လိုစဉ်းစား ဖြေရှင်းရမလဲ ကိုင်တွယ်ရမလဲဆိုတာကို စနစ်တကျ သင်ကြားပေးပြီး အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Computer fundamental အပိုင်းကိုလည်း သေသေချာချာ သင်ပြပေးသွားမှာမို့ ကျောင်းသားကျောင်းသူများအနေဖြင့် စိတ်အားထက်သန်မှုနဲ့ လေ့လာသင်ယူချင်စိတ်ရှိဖို့သာ လိုအပ်ပါတယ်။ Courseက ဘယ်နေ့စမှာလဲ? ဘယ်လောက်ကြာမှာလဲ။   ✓ March 20 ရက်နေ့ကစပြီး   ✓ တနင်္လာနေ့ ကနေ ကြာသပတေးနေ့အထိ   ✓ ည 7:30 ကနေ 9:00 နာရီအချိန်တိုင်းzoom platformကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါတယ်။စုစုပေါင်း 15နာရီစာ Courseက 3 ပတ်ပဲ ကြာမြင့်ပါမယ်။ ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ။ဒီ courseကို ကွန်ပျူတာ တက္ကသိုလ်နဲ့ ကွန်ပျူတာနှင့်နှီးနွယ် တက္ကသိုလ်များမှ CDMကျောင်းသားတွေအပြင် အခြားတက္ကသိုလ်မှ CDMကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။လူနည်းနည်းနဲ့ ထိထိရော‌က်ရောက် သင်ကြားပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေ 25ယောက်တိတိကိုပဲ လက်ခံမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင် မြန်မြန်စာရင်းသွင်းပေးဖို့ လိုတယ်နော်။ Registration Form – https://forms.gle/JiLrCL7vaqZFbP3y6 ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေ တောက်လျှောက်စတင်လာတော့မှာ ဖြစ်တဲ့အတွက် အမြဲမပြတ် လေ့လာစောင့်ကြည့်ပေးကြပါဦး။

Introduction to Python Programming

Introduction to Python Programming အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသော အဆင့်မြင့်ပညာဌာန၊ ကွန်ပျူတာသိပ္ပံပညာ၊ သတင်းအချက်အလက်နည်းပညာ၊ စီးပွားရေးပညာ ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အတွက် ရည်ရွယ်၍ University Paul Sabatier (Toulouse, France) ၏ professor များက Introduction to Python Programming သင်တန်း နှင့် Introduction to PCA and Basic for R and Rstudio သင်တန်းကို ပို့ချမည် ဖြစ်ပါသဖြင့် တက်ရောက်နိုင်ရန် စာရင်းပေးသွင်းနိုင်ပါသည်။ သင်တန်းသားဦးရေ အကန့်အသတ် ရှိပါသဖြင့် အမြန်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ ( ၇-၂-၂၀၂၃) ရက် အင်္ဂါနေ့ ည (၁၀) နာရီ နောက်ဆုံး ထား၍ အောက်ဖော်ပြပါ form တွင် စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။ ဤသင်တန်းအား စိတ်ပါဝင်စားသူ စီဒီအမ် ကျောင်းသူကျောင်းသား ဆရာ၊ဆရာမ များ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ ကွန်ပျူတာသိပ္ပံပညာဌာနhttps://forms.gle/c7vGMB9AKDvhMYQ48

Arduino Embedded System

အခြေခံကစ လေ့လာသင်ယူရမယ့် Arduino Embedded System ဒီနေ့ခေတ်မှာ နေ့စဉ်အသုံးပြုနေကျ အရာအများစုဟာ နည်းပညာနဲ့ နှီးနွယ်ဆက်သွယ်နေကြပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ နည်းပညာသုံးပစ္စည်းတွေကို ဘယ်လိုမျိုး ဖွဲ့စည်းထားတယ်၊ ဘယ်လိုအလုပ်လုပ် ဆိုတာ စနစ်တကျလေ့လာသိရှိစေဖို့အတွက် ကွန်ပျူတာ တက္ကသိုလ်များရဲ့ ကြားကာလ ပညာလသင်ကြားရေး အစီအစဉ်ကနေ “Arduino Embedded System” class ကို ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။ နေ့စဉ်အသုံးပြုနေကျ နည်းပညာသုံး လျှပ်စစ်ပစ္စည်းတိုင်းကို embedded system နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ Embedded System ဆိုတာဟာ hardware နဲ့ software ပေါင်းစည်းထားတဲ့ systemတစ်ခုဖြစ်ပြီး စက်ပစ္စည်းတွေအနေနဲ့ စွမ်းဆောင်ရည်ရှိလာအောင် ထိန်းညှိပေးထားတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ လျှပ်စစ်ထမင်းအိုးတစ်အိုးမှာ ထမင်းကျက်တဲ့ အချိန်ဆို ထမင်းအိုးအလိုလျောက် တက်သွားတာမျိုး၊ လေအေးပေးစက် အပူထိန်းညှိခြင်း process တွေအကုန်လုံးဟာ embedded systemကနေ ရေးဆွဲပြီး အလုပ်လုပ်စေတာဖြစ်ပါတယ်။Arduinoဆိုတာကတော့ microprocessor တစ်ခုဖြစ်ပြီး ဒီသင်တန်းမှာဆိုရင် Arduino microprocessorကို အသုံးပြုပြီး embedded system တစ်ခုကိုယ်တိုင်တည်ဆောက်နိုင်အောင်‌လေ့ကိင့်သင်ကြားပေးမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာဆိုရင် Embedded System နဲ့ Arduino အကြောင်းကို နှံ့နှံ့စပ်စပ်သိရှိနိုင်ဖို့ Ardunio ကိုအသုံးပြုပြီး development boardတစ်ခုတည်ဆောက်နိုင်ဖို့နဲ့ Arduino modules တွေအကြောင်း Ardunio အခြေပြုပြီး Embedded System တစ်ခု ဘယ်လိုတည်ဆောက်ကြမလဲ။ Ardunio အခြေပြုပြီး Embedded Systemတစ်ခုကို ဘယ်လိုမျိုး မြှင့်တင်ပြောင်းလဲရမလဲဆိုတာတွေကို သင်ကြားရမှာဖြစ်ပါတယ်။ အခြေခံကနေစ လေ့‌ကျင့်သင်ကြားပေးမှာဖြစ်တဲ့အတွက် ပညာရေးသပိတ်မှောက်ထားတဲ့ ကွန်ပျူတာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်နှီးနွယ်ကျောင်းကကျောင်းသားတွေအပြင် တခြားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေလည်းအခမဲ့ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။ သင်တန်းချိန်အနေနဲ့ ရုံးချိန်လွတ် ၇နာရီခွဲမှ ၉နာရီခွဲအထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး တစ်ပတ်ကိုလေးရက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Registration ကို 2ရက်‌နေ့မှ 5ရက်နေ့အထိသာဖွင့်ပေးထားမှာ ဖြစ်တာကြောင့် သတ်မှတ်လူဦးရေ မပြည့်ခင် အချိန်မှီ စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ Registration Link – https://forms.gle/EYE8hmyZkJ44CwCK6

Effective Strategies for Enhancing Four Skills in IELTS

Effective Strategies for Enhancing Four Skills in IELTS ကွန်ပျူတာတက္ကသိုလ်များနဲ့ ကွန်ပျူတာနှီးနွယ် တက္ကသိုလ်များကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကြားကာလပညာသင်ကြားရေးအစီအစဉ်ရဲ့ နောက်ထပ်ဘာသာရပ်တစ်ခုကိုထပ်မံဖွင့်လှစ်လိုက်ပါပြီ။ ဒီပညာရေး အစီအစဉ်မှာ နောက်ထပ်ပါ၀င်လာမယ့် Course ကတော့ Effective Strategies for Enhancing Four Skills in IELTS ပဲဖြစ်ပါတယ်။ Courseက ဘယ်နေ့စမှာလဲ? ဘယ်လောက်ကြာမှာလဲ။  January 18 ရက်နေ့ကစပြီး  ည 6:30 ကနေ 7:30 အချိန် ဗုဒ္ဓဟူးနေ့ ကနေ သောကြနေ့အထိ zoom platformကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါတယ်။ စုစုပေါင်း 15နာရီစာCourseက 5 ပတ်‌ကျော် ကြာမြင့်ပါမယ်။ ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ။ ဒီ courseကို ကွန်ပျူတာ တက္ကသိုလ်နဲ့ ကွန်ပျူတာနှင့်နှီးနွယ် တက္ကသိုလ်များမှ CDMကျောင်းသားတွေအပြင် အခြားတက္ကသိုလ်မှ CDMကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။ လူနည်းနည်းနဲ့ ထိထိရော‌က်ရောက် သင်ကြားပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေ 30ယောက်တိတိကိုပဲ လက်ခံမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင် မြန်မြန်စာရင်းသွင်းပေးဖို့ လိုတယ်နော်။ Registration Form – https://forms.gle/Ng4vFbs8cudxtfsn7 ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေ တောက်လျှောက်စတင်လာတော့မှာ ဖြစ်တဲ့အတွက် အမြဲမပြတ် လေ့လာစောင့်ကြည့်ပေးကြပါဦး။

Database ကို အခြေခံကျကျလေ့လာခြင်း

“Database ကို အခြေခံကျကျလေ့လာခြင်း” Software တွေကိုလေ့လာအသုံးပြုတဲ့အခါ နောက်ကွယ်မှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းတယ်၊ Dataတွေကို စနစ်တကျ စုစည်းတည်ဆောက်ထားတဲ့ Database System တွေအကြောင်းစိတ်၀င်စားတဲ့ ကျောင်းသားကျောင်းသူတွေအတွက်” Introduction to Database Management”ကိုလေ့လာသင်ကြားနိုင်တော့မှာပဲဖြစ်ပါတယ်။ ပညာရေးသပိတ်မှောက်ထားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကြားကာလပညာ‌သင်ကြားရေးအစီအစဉ်ကနေ ဖွင့်လှစ်မယ့် “Introduction to Database Management System” Course မှာဆိုရင် Database System ရဲ့ အခြေခံသဘောတရား concept တွေ၊ Database Models အမျိုးအစား၊ Database design တွေနဲ့ လက်ရှိမှာ အသုံးပြုများနေတဲ့ Databaseပုံစံ၊ SQL query ကို အသုံးပြုပြီး Data တွေကို ဘ်ူလို manage လုပ်မယ်ဆိုတာတွေကို ဆွေးနွေးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ ဒုတိယနှစ်နဲ့ အထက်ကွန်ပျူတာနဲ့ ကွန်ပျူတာနှီးနွယ်ကျောင်းများမှ ကျောင်းသားများလျှောက်ထားနိုင်မှာဖြစ်ပြီး သင်ကြား‌မှုအခမဲ့ဖြစ်ပါတယ်။Course registration ကို ဇန်နဝါရီလ (၁၈)ရက် နေ့အထိသာ လက်ခံမှာဖြစ်ပြီး လူဦးရေ အကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးစာရင်းသွင်းလျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ Registration Form – https://forms.gle/Kd1EQHbSqqA6tAKW9 အတန်းအလိုက် ဖွင့်လှစ်သင်ကြားပေးသွားမယ့် courseတွေရှိတာမို့လို့ UCS Interim Board ရဲ့ ကြားကာလပညာ‌သင်ကြားရေးအစီအစဉ်တွေကို လေ့လာစောင့်ကြည့်ပေးကြပါဦး။

အတန်းများပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း ကြေညာခြင်း

“ကွန်ပျုတာတက္ကသိုလ်၊ ကွန်ပျူတာနှင့် နီးနွယ်တက္ကသိုလ်များမှ ကျောင်းသား/သူများအတွက် ကြားကာလပညာရေးအဆက်မပြတ်စေရန်ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့(Interim Board of Education)မှ အတန်းများပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း ကြေညာခြင်း” တော်လှန်ရေးအချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့(Interim Board of Education) မှကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားနိုင်မည့်အခွင့်အရေးမဆုံးရှုံးစေရန်အတွက် အတန်းများကို ဒီဇင်ဘာလမှစ၍ ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ မကြာခင်မှာလည်း နောက်ထပ်အတန်းတွေဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် ပေ့ခ်ျကို စောင့်ကြည့်ပေးဖို့ သတင်းပါးလိုက်ရပါတယ်။