International Youth Day ( အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ) စကားဝိုင်း ဩဂုတ်လ ၁၂ရက်နေ့ ၂၀၂၄ခုနှစ် ဒီနေ့က International Youth Day ( အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ) ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်အများရှိနေတဲ့ ဒီ NUCS မှာတက်ရောက်နေကြတဲ့ ကျောင်သား/သူများကဦးဆောင် မှုဖြင့် စကားဝိုင်းလေးတစ်ခု ဒီနေ့ ဖန်တီးဖြစ်ခဲ့ကြပါတယ်။ ” ရုန်းထွက်မှုမှ တိုးတက်မှုဆီသို NUCS ဝိုင်းတော်သားများ၏ အခက်အခဲ” ဆိုတဲ့စကားဝိုင်းလေးကို ဆရာမ မြန်မာစာအချိန်မှာ ဝိုင်းဖွဲဆွေးနွေးနေကြရအောင်…….” ဆိုပြီး ကျွန်မတို့ NUCS မှဝိုင်းတော်သားကျောင်းသား/သူများနှင့် ဆရာ/မများ မှ ယခုကာလအတွင်းကြုံတွေ့ရသောအခက်အခဲများ၊ ထိုအခက်အခဲများကို ကျော်လွှားပုံ၊ တစ်ဦးချင်းစီတိုင်းမှ ထိုအခက်အခဲများမှ ရုန်းထွက်ရင်း တိုးတက်မှုများကို မည်သို့မည်ပုံ ကြိုးစားကြပုံ၊ အချိန်နှင့် resource များကို စီမံခန့်ခွဲမှုအရေးပါပုံနှင့် နှင့် အချင်းချင်း အားပေးစကားများကို အတူဝိုင်းဖွဲ့ပြောဆိုခဲ့ကြပါတယ်။ ဦးချစ်မောင်မှ Moderator အနေဖြင့် ဦးဆောင်ခဲ့ပြီး ကသုံးလုံးကျောင်းသူ၊ ကျောင်းသားများမှ လတ်တလောကြုံတွေ့ရသောအခက်အဲ ကြားမှ ကြိုးစားသင်ယူပုံ၊ Zett, Kan Kaung, Gweni, Day, Take, Banny, Phoebi, Brain, Nora နှင့် နေကြာ အစရှိသည့်ကျောင်းသူ၊ကျောင်းသားများလည်း အတွေ့အကြုံများ၊ အခြေအနေများ၊ ကျော်လွှားပုံများနှင့် အားပေးစကားများလည်း ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ ထို့အပြင် ဆရာ၊ ဆရာများထဲမှ မြန်မာစာဆရာမ Tr. WUM၊ Sir Richard, Tr. Sky Tr. Eaemar, Tr. Zu Zu နှင့် Tr. CL တို့မှ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ အားလုံးအတွက် စိတ်ဖိစီးမှုများလျော့ချနိုင်ပြီး အားတက်ပျော်ရွှင်ရသော အချိန်လေးဖြစ်ခဲ့ပါတယ်။
Category: News
Sharing Experience by Senior Students
ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်၀င်ခွင့် (ဒုတိယအကြိမ်) အတွက် စီနီယာ ကျောင်းသား၊ ကျောင်းသူများထံမှ အတွေ့အကြုံမျှဝေခြင်း အစီအစဥ် အပိုင်း (၂) နေ့ရက် – ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။အချိန် – မြန်မာစံတော်ချိန် ည (၇) နာရီ။ #Live_Program#တကကသိုလ်၀င်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ #NUGMOE #NUG #NationalUnityGovernment #universityentrance #2024
Enrollment for Second Semester
Enrollment for Second Semester ၁။ ဒုတိယနှစ်ဝက် ဘာသာရပ်များကို MES မှာ (၁၅-၇-၂၀၂၄) ရက်နေ့ မှ (၂၈-၇-၂၀၂၄) ရက်နေ့အတွင်း enroll လုပ်ကြရမည်။၂။ LMS တွင် မိမိတို့ enrolled လုပ်ထားသည့် ဘာသာရပ်များကို (၂၂-၇-၂၀၂၄) ရက်နေ့မှစ access ရရှိမည် ဖြစ်သည်။
Sharing Experience by NUCS’s Senior Students
ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်၀င်ခွင့် (ဒုတိယအကြိမ်) စီနီယာ ကျောင်းသား၊ ကျောင်းသူများထံမှ အတွေ့အကြုံမျှဝေခြင်း အစီအစဥ် အပိုင်း (၁) နေ့ရက် – ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။အချိန် – မြန်မာစံတော်ချိန် ည (၇) နာရီ။ #Live_Program#တကကသိုလ်၀င်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ