အခြေခံကစ လေ့လာသင်ယူရမယ့် Arduino Embedded System ဒီနေ့ခေတ်မှာ နေ့စဉ်အသုံးပြုနေကျ အရာအများစုဟာ နည်းပညာနဲ့ နှီးနွယ်ဆက်သွယ်နေကြပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ နည်းပညာသုံးပစ္စည်းတွေကို ဘယ်လိုမျိုး ဖွဲ့စည်းထားတယ်၊ ဘယ်လိုအလုပ်လုပ် ဆိုတာ စနစ်တကျလေ့လာသိရှိစေဖို့အတွက် ကွန်ပျူတာ တက္ကသိုလ်များရဲ့ ကြားကာလ ပညာလသင်ကြားရေး အစီအစဉ်ကနေ “Arduino Embedded System” class ကို ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။ နေ့စဉ်အသုံးပြုနေကျ နည်းပညာသုံး လျှပ်စစ်ပစ္စည်းတိုင်းကို embedded system နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ Embedded System ဆိုတာဟာ hardware နဲ့ software ပေါင်းစည်းထားတဲ့ systemတစ်ခုဖြစ်ပြီး စက်ပစ္စည်းတွေအနေနဲ့ စွမ်းဆောင်ရည်ရှိလာအောင် ထိန်းညှိပေးထားတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ လျှပ်စစ်ထမင်းအိုးတစ်အိုးမှာ ထမင်းကျက်တဲ့ အချိန်ဆို ထမင်းအိုးအလိုလျောက် တက်သွားတာမျိုး၊ လေအေးပေးစက် အပူထိန်းညှိခြင်း process တွေအကုန်လုံးဟာ embedded systemကနေ ရေးဆွဲပြီး အလုပ်လုပ်စေတာဖြစ်ပါတယ်။Arduinoဆိုတာကတော့ microprocessor တစ်ခုဖြစ်ပြီး ဒီသင်တန်းမှာဆိုရင် Arduino microprocessorကို အသုံးပြုပြီး embedded system တစ်ခုကိုယ်တိုင်တည်ဆောက်နိုင်အောင်လေ့ကိင့်သင်ကြားပေးမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာဆိုရင် Embedded System နဲ့ Arduino အကြောင်းကို နှံ့နှံ့စပ်စပ်သိရှိနိုင်ဖို့ Ardunio ကိုအသုံးပြုပြီး development boardတစ်ခုတည်ဆောက်နိုင်ဖို့နဲ့ Arduino modules တွေအကြောင်း Ardunio အခြေပြုပြီး Embedded System တစ်ခု ဘယ်လိုတည်ဆောက်ကြမလဲ။ Ardunio အခြေပြုပြီး Embedded Systemတစ်ခုကို ဘယ်လိုမျိုး မြှင့်တင်ပြောင်းလဲရမလဲဆိုတာတွေကို သင်ကြားရမှာဖြစ်ပါတယ်။ အခြေခံကနေစ လေ့ကျင့်သင်ကြားပေးမှာဖြစ်တဲ့အတွက် ပညာရေးသပိတ်မှောက်ထားတဲ့ ကွန်ပျူတာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်နှီးနွယ်ကျောင်းကကျောင်းသားတွေအပြင် တခြားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေလည်းအခမဲ့ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။ သင်တန်းချိန်အနေနဲ့ ရုံးချိန်လွတ် ၇နာရီခွဲမှ ၉နာရီခွဲအထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး တစ်ပတ်ကိုလေးရက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Registration ကို 2ရက်နေ့မှ 5ရက်နေ့အထိသာဖွင့်ပေးထားမှာ ဖြစ်တာကြောင့် သတ်မှတ်လူဦးရေ မပြည့်ခင် အချိန်မှီ စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ Registration Link – https://forms.gle/EYE8hmyZkJ44CwCK6
Category: Training
Effective Strategies for Enhancing Four Skills in IELTS
Effective Strategies for Enhancing Four Skills in IELTS ကွန်ပျူတာတက္ကသိုလ်များနဲ့ ကွန်ပျူတာနှီးနွယ် တက္ကသိုလ်များကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကြားကာလပညာသင်ကြားရေးအစီအစဉ်ရဲ့ နောက်ထပ်ဘာသာရပ်တစ်ခုကိုထပ်မံဖွင့်လှစ်လိုက်ပါပြီ။ ဒီပညာရေး အစီအစဉ်မှာ နောက်ထပ်ပါ၀င်လာမယ့် Course ကတော့ Effective Strategies for Enhancing Four Skills in IELTS ပဲဖြစ်ပါတယ်။ Courseက ဘယ်နေ့စမှာလဲ? ဘယ်လောက်ကြာမှာလဲ။ January 18 ရက်နေ့ကစပြီး ည 6:30 ကနေ 7:30 အချိန် ဗုဒ္ဓဟူးနေ့ ကနေ သောကြနေ့အထိ zoom platformကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါတယ်။ စုစုပေါင်း 15နာရီစာCourseက 5 ပတ်ကျော် ကြာမြင့်ပါမယ်။ ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ။ ဒီ courseကို ကွန်ပျူတာ တက္ကသိုလ်နဲ့ ကွန်ပျူတာနှင့်နှီးနွယ် တက္ကသိုလ်များမှ CDMကျောင်းသားတွေအပြင် အခြားတက္ကသိုလ်မှ CDMကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။ လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေ 30ယောက်တိတိကိုပဲ လက်ခံမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင် မြန်မြန်စာရင်းသွင်းပေးဖို့ လိုတယ်နော်။ Registration Form – https://forms.gle/Ng4vFbs8cudxtfsn7 ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေ တောက်လျှောက်စတင်လာတော့မှာ ဖြစ်တဲ့အတွက် အမြဲမပြတ် လေ့လာစောင့်ကြည့်ပေးကြပါဦး။
Database ကို အခြေခံကျကျလေ့လာခြင်း
“Database ကို အခြေခံကျကျလေ့လာခြင်း” Software တွေကိုလေ့လာအသုံးပြုတဲ့အခါ နောက်ကွယ်မှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းတယ်၊ Dataတွေကို စနစ်တကျ စုစည်းတည်ဆောက်ထားတဲ့ Database System တွေအကြောင်းစိတ်၀င်စားတဲ့ ကျောင်းသားကျောင်းသူတွေအတွက်” Introduction to Database Management”ကိုလေ့လာသင်ကြားနိုင်တော့မှာပဲဖြစ်ပါတယ်။ ပညာရေးသပိတ်မှောက်ထားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကြားကာလပညာသင်ကြားရေးအစီအစဉ်ကနေ ဖွင့်လှစ်မယ့် “Introduction to Database Management System” Course မှာဆိုရင် Database System ရဲ့ အခြေခံသဘောတရား concept တွေ၊ Database Models အမျိုးအစား၊ Database design တွေနဲ့ လက်ရှိမှာ အသုံးပြုများနေတဲ့ Databaseပုံစံ၊ SQL query ကို အသုံးပြုပြီး Data တွေကို ဘ်ူလို manage လုပ်မယ်ဆိုတာတွေကို ဆွေးနွေးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ ဒုတိယနှစ်နဲ့ အထက်ကွန်ပျူတာနဲ့ ကွန်ပျူတာနှီးနွယ်ကျောင်းများမှ ကျောင်းသားများလျှောက်ထားနိုင်မှာဖြစ်ပြီး သင်ကြားမှုအခမဲ့ဖြစ်ပါတယ်။Course registration ကို ဇန်နဝါရီလ (၁၈)ရက် နေ့အထိသာ လက်ခံမှာဖြစ်ပြီး လူဦးရေ အကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးစာရင်းသွင်းလျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ Registration Form – https://forms.gle/Kd1EQHbSqqA6tAKW9 အတန်းအလိုက် ဖွင့်လှစ်သင်ကြားပေးသွားမယ့် courseတွေရှိတာမို့လို့ UCS Interim Board ရဲ့ ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေကို လေ့လာစောင့်ကြည့်ပေးကြပါဦး။
အတန်းများပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း ကြေညာခြင်း
“ကွန်ပျုတာတက္ကသိုလ်၊ ကွန်ပျူတာနှင့် နီးနွယ်တက္ကသိုလ်များမှ ကျောင်းသား/သူများအတွက် ကြားကာလပညာရေးအဆက်မပြတ်စေရန်ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့(Interim Board of Education)မှ အတန်းများပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း ကြေညာခြင်း” တော်လှန်ရေးအချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ကွန်ပျူတာတက္ကသိုလ်ကြားကာလပညာရေးဘုတ်အဖွဲ့(Interim Board of Education) မှကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားနိုင်မည့်အခွင့်အရေးမဆုံးရှုံးစေရန်အတွက် အတန်းများကို ဒီဇင်ဘာလမှစ၍ ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ မကြာခင်မှာလည်း နောက်ထပ်အတန်းတွေဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် ပေ့ခ်ျကို စောင့်ကြည့်ပေးဖို့ သတင်းပါးလိုက်ရပါတယ်။