“Database ကို အခြေခံကျကျလေ့လာခြင်း”
Software တွေကိုလေ့လာအသုံးပြုတဲ့အခါ နောက်ကွယ်မှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းတယ်၊ Dataတွေကို စနစ်တကျ စုစည်းတည်ဆောက်ထားတဲ့ Database System တွေအကြောင်းစိတ်၀င်စားတဲ့ ကျောင်းသားကျောင်းသူတွေအတွက်” Introduction to Database Management”ကိုလေ့လာသင်ကြားနိုင်တော့မှာပဲဖြစ်ပါတယ်။
ပညာရေးသပိတ်မှောက်ထားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကြားကာလပညာသင်ကြားရေးအစီအစဉ်ကနေ ဖွင့်လှစ်မယ့် “Introduction to Database Management System” Course မှာဆိုရင် Database System ရဲ့ အခြေခံသဘောတရား concept တွေ၊ Database Models အမျိုးအစား၊ Database design တွေနဲ့ လက်ရှိမှာ အသုံးပြုများနေတဲ့ Databaseပုံစံ၊ SQL query ကို အသုံးပြုပြီး Data တွေကို ဘ်ူလို manage လုပ်မယ်ဆိုတာတွေကို ဆွေးနွေးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
ဒုတိယနှစ်နဲ့ အထက်ကွန်ပျူတာနဲ့ ကွန်ပျူတာနှီးနွယ်ကျောင်းများမှ ကျောင်းသားများလျှောက်ထားနိုင်မှာဖြစ်ပြီး သင်ကြားမှုအခမဲ့ဖြစ်ပါတယ်။
Course registration ကို ဇန်နဝါရီလ (၁၈)ရက် နေ့အထိသာ လက်ခံမှာဖြစ်ပြီး လူဦးရေ အကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးစာရင်းသွင်းလျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
Registration Form – https://forms.gle/Kd1EQHbSqqA6tAKW9
အတန်းအလိုက် ဖွင့်လှစ်သင်ကြားပေးသွားမယ့် courseတွေရှိတာမို့လို့ UCS Interim Board ရဲ့ ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေကို လေ့လာစောင့်ကြည့်ပေးကြပါဦး။