အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်များ ကြားကာလ ပညာရေးဘုတ်အဖွဲ့ မှ ၂၀၂၀ – ၂၀၂၁ ခု ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာနှင့်နှီးနွယ်တက္ကသိုလ်များ၏ နောက်ဆုံးနှစ်ကျောင်းသားများအား နောက်ဆုံးနှစ်ပြီးမြောက်ကြောင်းလက်မှတ်ထုတ်ယူနိုင်ခြင်းနှင့် စပ်လျဉ်း၍ထုတ်ပြန်ကြေညာချက်

ကွန်ပျူတာတက္ကသိုလ်များ ကြားကာလ ပညာရေးဘုတ်အဖွဲ့ မှ ၂၀၂၀ – ၂၀၂၁ ခု ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်များ၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIT) မှ (Computer Science Engineering. Electronic and Communication Engineering) နှင့် ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ် မှ (Information Science and Technology, Computer Engineering) အထူးပြုဘာသာရပ်များတွင် နောက်ဆုံးနှစ် သင်တန်း တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား နောက်ဆုံးနှစ် ပြီးမြောက်ကြောင်းလက်မှတ် ထုတ်နိုင်အောင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
 
အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာကျောင်းအသီးသီး၏ ကျောင်းသားသမဂ္ဂများကိုဆက်သွယ်၍ ပူးတွဲပါ ကြေညာချက် အစီအစဉ်များအတိုင်း အဆင့်လိုက်ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။
 
ကြားကာလပညာရေးဘုတ်အဖွဲ့
ကွန်ပျူတာတက္ကသိုလ်များ