ဝင်ခွင့်ခေါ်ဆိုခြင်း

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ရပ်တန့်နေရသော အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသားကျောင်းသူများ ၏ရှေ့ဆက်ပညာသင်ယူခွင့်ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်လျှက် သက်ဆိုင်ရာတက္ကသိုလ်များက ၂၀၂၃ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့် ခေါ်ယူမည် ဖြစ်ပါသည်။  ဤ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြမည့် ကျောင်းသား/သူများသည် မြန်မာ့ပညာရေးစနစ် (Myanmar Education System – MES) မှတစ်ဆင့် လျှောက်ထားကြရမည်ဖြစ်ပါသည်။ ထိုသို့လျှောက်ထားရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက် MES မှတစ်ဆင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနည်းလမ်းညွှန်အား ပြုစုထုတ်ပြန်ထားပါသည်။ အသေးစိတ်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ ၏တရားဝင် Telegram Channel ဖြစ်သည့် Uni Handbook FAQ Channel @ NUG-MoE  (သို့မဟုတ်) သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများ၏ Facebook/Website နှင့် Email များတွင် သွားရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။

MES တွင် ကျောင်းသား/သူအဖြစ် စာရင်းသွင်း Registration ပြုလုပ်ခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းလမ်းညွှန် Video များကို အောက်ပါလင့်များမှတဆင့် သွားရောက် ကြည့်ရှုနိုင်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော ကြားကာလတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း၏ ပြည်သူသို့ အသိပေးတင်ပြချက်

တက္ကသိုလ်များ၏ ဝင်ခွင့်ခေါ်ဆိုမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဆိုက်တွင် သွားရောက်လေ့လာနိုင်ပါသည်။

ကွန်ပျူတာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များ