ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများအတွက် ဝင်ခွင့်စာမေးပွဲလမ်းညွှန်

ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများသည် ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရမည်။ ယခင်ရရှိခဲ့သော ပညာရေးနောက်ခံအချက်အလက်များ (Matriculation Examination, GED, SAT, IGCSE, တိုင်းရင်းသား/နယ်စပ်ဒေသပညာရေး)နှင့် ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲတွင်ရရှိသော ရလဒ်များပေါ်တွင် အခြေခံလျှက် ကွန်ပျူတာတက္ကသိုလ်များက လက်ခံနိုင်သည့် လူဦးရေကို တက်ရောက်ခွင့် ပေးမည်ဖြစ်သည်။

ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲဝင်ရောက်ဖြေဆိုရန် ပျက်ကွက်သူများကို  ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ခွင့်အတွက် စဉ်းစားပေးမည် မဟုတ်ပါ။

ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ဖြေဆိုရမည် ဖြစ်သည်။
ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန်ဤလင့်ကိုနှိပ်ပါ။ (ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်အချိန် ကျော်လွန်သွားပါပြီ)

မိမိတို့အတွက် သတ်မှတ်ပေးထားသော နေ့ရက်များတွင်သာ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ရမည် ဖြစ်သည်။

  • ပထမအသုတ် ဖြေဆိုရမည့်ရက်များ – ၁၉.၁၂.၂၀၂၃ နှင့် ၂၀.၁၂.၂၀၂၃
  • ဒုတိယအသုတ် ဖြေဆိုရမည့်ရက်များ –  ၂၁.၁၂.၂၀၂၃ နှင့် ၂၂.၁၂.၂၀၂၃
  • ထပ်မံဖြေဆိုခွင့်ပြုမည့်ရက်များ – ၂၃.၁၂.၂၀၂၃ နှင့် ၂၄.၁၂.၂၀၂၃ (အခက်အခဲ အမျိုးမျိုးကြောင့် ပထမအသုတ်နှင့် ဒုတိယအသုတ်များတွင် မဖြေဆိုဖြစ်လိုက်သော ကျောင်းသား/သူများ ပြန်လည်ဖြေဆိုနိုင်မည်)

မိမိတို့ကို ဖြေဆိုရန် သတ်မှတ်ပေးထားသောရက်များအတွင်း ကြိုက်နှစ်သက်ချိန်တွင် ဝင်ရောက်ဖြေဆိုနိုင်သည်။ ဝင်ခွင့်စာမေးပွဲကို လက်ရှိအင်တာနက်လိုင်းများနှင့် လျှပ်စစ်မီး ရရှိမှုအခြေအနေများကြောင့် (၂) ကြိမ် ဖြေဆိုခွင့်ပြုမည် ဖြစ်ပြီး နောက်ဆုံးဖြေဆိုသည့် စာမေးပွဲ၏ ရမှတ်ကိုသာ အတည်ယူပါမည်။

ကျောင်းသား/သူများ ဖြေဆိုရမည့်နေ့ရက်များ၊ အသုံးပြုရမည့် User Name နှင့် Password များကို MES Dashboard ပေါ်တွင် ၁၃.၁၂.၂၀၂၃ ရက်မှစ၍ တင်ထားပေးမည်။ ကျောင်းသား/သူများအနေဖြင့် မိမိတို့ကို သတ်မှတ်ပေးထားသော User Name နှင့် Password များကို မည်သူ့ကိုမှ၊ မည်သည့်အကြောင်းကြောင့်မှ မပေးပါရန် အထူးသတိပေးလိုပါသည်။ စိစစ်ဆဲကာလအတွင်း ကျောင်းသား/သူများအနေဖြင့် စိတ်ရှည်ရှည် စောင့်ဆိုင်းပေးကြပါရန်နှင့် ဝင်ခွင့်ဖြေဆိုရမည့်ရက်မတိုင်ခင် MES Dashboard ပေါ်တွင် ကြေငြာပေးထားမည်။

ထပ်မံသိလိုသည့်အချက်များကို မေးမြန်းလိုပါက အောက်ပါလင့်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်သည်။
ဆက်သွယ်ရန်ဤလင့်ကိုနှိပ်ပါ။

ဤစာမျက်နှာကို အချိန်နှင့်တပြေးညီ Update ပြုလုပ်မည် ဖြစ်ပြီး တင်ထားသောအချက်အလက်များသည် ဤစာမျက်နှာတွင် ဖတ်ရှု၍ရသည့်အချိန်မှစ၍ အကျုံးဝင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းသား/သူများအနေဖြင့် အလျဉ်းသင့်သလို ဤစာမျက်နှာကို ဝင်ရောက်ကြည့်ရှုကြပါရန် အကြံပေးပါသည်။