၂၀၂၄ခုနှစ်၊ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသည့်ကျောင်းသား/သူများအတွက်အရည်အချင်းစစ်စာမေးပွဲ လမ်းညွှန် ၂၀၂၄ ခုနှစ် ဇွန်လမှစတင်ကာ MES မှတဆင့် National University of Computer Studies (NUCS)သို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့ကြသော ကျောင်းသား/သူများအနက်မှ အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ရွေးချယ်ခံထားသော ကျောင်းသား/သူများ၏ MES Dashboard ပေါ်တွင် ဝင်ခွင့် စာမေးပွဲဆိုင်ရာ အောက်ပါအချက်အလက်များကို တင်ပေးထားပါသည် – စာမေးပွဲဖြေဆိုရမည့် နေ့ရက် စာမေးပွဲ ဖြေဆိုရန် Username နှင့် Password အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် သတ်မှတ်ပေးသော နေ့ရက်များသည် ကျောင်းသား/သူတစ်ဦးနှင့်တစ်ဦး တူညီမည်မဟုတ်ဘဲ ကျောင်းသား/သူများသည် မိမိတို့အတွက် သတ်မှတ်ပေးထားသော နေ့ရက်များအတွင်းသာ မပျက်မကွက် ဝင်ရောက် ဖြေဆိုရမည်ဖြစ်သည်။ အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ခြင်းတွင် မည်သည့်အကြောင်းပြချက်ကိုမှ ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ သတ်မှတ်ပေးထားသည့် စာမေးပွဲနေ့ရက်များတွင် မပျက်မကွက် (မပျက်မကွက်) ဝင်ရောက်ဖြေဆိုရန် တိုက်တွန်းပါသည်။ ကျောင်းသား/သူများသည် မိမိတို့၏ MES Dashboard တွင်ပေးထားသော အချက်အလက်များဖြင့် ဤနေရာကိုနှိပ်၍ Login ဝင်ရောက်ပြီး – စာမေးပွဲသတ်မှတ်ချက်များနှင့် ဖြေဆိုရမည့်ဘာသာရပ်များ၏မေးခွန်းပုံစံများကို ယခုမှစ၍ ဖတ်ရှုနိုင်ပါသည်။ ဖြေဆိုရမည့်စနစ် အသုံးပြုနည်း လမ်းညွှန်ကို (၂၅.၈.၂၀၂၄) မှစ၍ ဖတ်ရှုနိုင်ပါသည်။ မိမိတို့အတွက် ဖြေဆိုရန်သတ်မှတ်ပေးထားသည့် နေ့ရက်များတွင်သာ ဖြေဆိုရမည့်စာမေးပွဲကို တွေ့မြင်နိုင်ပြီး၊ (၁၅) မိနစ်စာ နမူနာစာမေးပွဲ (Sample Question) ကိုလည်း ကြိုတင်ဖြေဆိုကြည့်နိုင်ပါသည်။ ဖြေဆိုရန် သတ်မှတ်ပေးထားသောရက်များအတွင်း မိမိနေရာ၏ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်း အဆင်ပြေသည့်အချိန်တွင် ဖြေဆိုနိုင်သည်။ ဝင်ခွင့်စာမေးပွဲကို လက်ရှိအင်တာနက်လိုင်းများနှင့် လျှပ်စစ်မီး ရရှိမှု အခြေအနေများကြောင့် (၂) ကြိမ် ဖြေဆိုခွင့်ပြုမည် ဖြစ်ပြီး အမှတ်အများဆုံးရမှတ်ကိုသာ အတည်ယူပါမည်။ ကျောင်းသား/သူများအနေဖြင့် မိမိတို့ကို သတ်မှတ်ပေးထားသော User Name နှင့် Password များကို မည်သူ့ကိုမှ၊ မည်သည့်အကြောင်းကြောင့်ဖြင့်မှ မပေးပါရန် အထူးသတိပေးလိုပါသည်။ ဤစာမျက်နှာရှိ အချက်အလက်များကို အလျဉ်းသင့်သလို ပြုပြင်ပြောင်းလဲမည် ဖြစ်ပါသဖြင့် ကျောင်းသား/သူများအနေဖြင့် မိမိတို့ အရည်အချင်းစစ် စာမေးပွဲ မဖြေဆိုခင်အချိန်အထိ ဤစာမျက်နှာကို အမြဲဝင်ရောက် ကြည့်ရှုရန် တိုက်တွန်းပါသည်။ NUCS ၏ Email၊ Facebook နှင့် Telegram များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Envelope Facebook Telegram
Author: ucsiboe
ဘီလုံးစာစောင် အတွဲ ၁၊ အမှတ်စဉ် ၁
ဘီလုံးစာစောင် အတွဲ ၁၊ အမှတ်စဉ် ၁ ဒေါင်းလုပ်ရယူရန်
မြန်မာဘာသာ ကဗျာစွမ်းရည်ပြိုင်ပွဲ ၂၀၂၄
မြန်မာဘာသာ ကဗျာစွမ်းရည်ပြိုင်ပွဲ မေ ၁၄၊ ၂၀၂၄ မြန်မာစာကိုချစ်မြတ်နိုးစိတ်ဖြင့် ရသစာပေကိုစိတ်ဝင်တစား လေးစားတန်ဖိုးထားမှုများ တိုးမြင့်စေရန်ရည်ရွယ်ချက်ဖြင့် တော်လှန်သင်္ကြန်နှင့်ပတ်သက်၍ ကဗျာပြိုင်ပွဲတစ်ခုပြုလုပ်ခဲ့ပါသည်။ စိတ်ဝင်တစားယှဉ်ပြိုင်သူ ၁၁ ဦးပါဝင်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့မှ စီစစ်ရွေးချယ်ကာ ပထမ၊ ဒုတိယ၊ တတိယ ( ၃ ) ဆုရရှိသူများကို အတည်ပြုရွေးချယ်ခဲ့ပါသည်။ ထိုဆုရ ကျောင်းသား/သူများ၏ ယှဉ်ပြိုင်ကဗျာများကို ရွေးချယ်ဖော်ပြလိုက်ပါသည်။ ပထမဆု လွတ်လပ်သောသင်္ကြန်သို့ UCS- 20240136 M03LKAA000 ဒုတိယဆု သွေးသင်္ကြန် UCS-20240133 J045KAA045 တတိယဆု နွယ် UCS-20240149 L04KMAA016
Dec-21-22-ent-exam-miss
ကွန်ပျူတာတက္ကသိုလ်များ ဝင်ခွင့်စာမေးပွဲ ဒုတိယအသုတ် (၂၁.၁၂.၂၀၂၃) နှင့် (၂၂.၁၂.၂၀၂၃) ရက်များတွင် ဖြေဆိုရက်ပျက်ကွက်ခဲ့သူများအတွက် ကြေငြာချက် ဖြေဆိုရန် အကြောင်းတစ်ခုခုကြောင့် ပျက်ကွက်ခဲ့သူများ မိမိတို့၏ Student ID ကို (၂၃.၁၂.၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန်ညနေ(၄) နာရီတိတိ နောက်ဆုံးထားဖြည့်စွက်ရမည်။ ညနေ(၄) နာရီနောက်မှ ဖြည့်သွင်းသူများ ထပ်မံဖြေဆိုခွင့်ရမည်မဟုတ်ပါ။ စာမေးပွဲဖြေဆိုနိုင်မည့်အချိန် – (၂၄.၁၂.၂၀၂၃)ရက်နေ့ နံနက် (၀၀:၀၀) နာရီ မှ ည (၁၁:၅၉) နာရီ ဒီဇင်ဘာ (၂၁) ရက်နှင့် (၂၂)ရက် များတွင် Finished Attempt ထိ အဖြေလွှာ submit လုပ်ခဲ့နိုင်သူများ ဖြည့်သွင်းရန်မလိုပါ။ ဖြည့်သွင်းခဲ့ပါက ယခင်ရရှိခဲ့သော အမှတ်များကို ပယ်ဖျက်မည်။ စာရင်းပေးသွင်းရန်ဤလင့်ကိုနှိပ်ပါ။
Dec-19-20-ent-exam-miss
ကွန်ပျူတာတက္ကသိုလ်များ ဝင်ခွင့်စာမေးပွဲ ပထမအသုတ် (၁၉.၁၂.၂၀၂၃) နှင့် (၂၀.၁၂.၂၀၂၃) ရက်များတွင် ဖြေဆိုရက်ပျက်ကွက်ခဲ့သူများအတွက် ကြေငြာချက် ဖြေဆိုရန် အကြောင်းတစ်ခုခုကြောင့် ပျက်ကွက်ခဲ့သူများ မိမိတို့၏ Student ID ကို (၂၂.၁၂.၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန်နေ့လယ်(၁၂) နာရီတိတိ နောက်ဆုံးထားဖြည့်စွက်ရမည်။ နေ့လယ် (၁၂) နာရီနောက်မှ ဖြည့်သွင်းသူများ ထပ်မံဖြေဆိုခွင့်ရမည်မဟုတ်ပါ။ စာမေးပွဲဖြေဆိုနိုင်မည့်အချိန် – (၂၃.၁၂.၂၀၂၃)ရက်နေ့ နံနက် (၀၀:၀၀) နာရီ မှ ည (၁၁:၅၉) နာရီ ဒီဇင်ဘာ (၁၉) ရက်နှင့် (၂၀)ရက် များတွင် Finished Attempt ထိ အဖြေလွှာ submit လုပ်ခဲ့နိုင်သူများ ဖြည့်သွင်းရန်မလိုပါ။ ဖြည့်သွင်းခဲ့ပါက ယခင်ရရှိခဲ့သော အမှတ်များကို ပယ်ဖျက်မည်။ စာရင်းပေးသွင်းရန်ဤလင့်ကိုနှိပ်ပါ။
Introduction to Data Analytics and Power BI
Introduction to Data Analytics and Power BI ယနေ့ခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနှင့်အမျှ Data တွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိလာပါတယ်။ လုပ်ငန်းဆောင်တာများပိုမိုချဲ့ထွင်ရန် လိုအပ်လာသည်နှင့် Data တွေရဲ့ လိုအပ်မှုဟာလည်း မြင့်မားလာပါတယ်။ ကြီးမားကျယ်ပြန့်သော အခန်းကဏ္ဍများတိုင်းမှာလည်း ထုထည်နှင့်ရှိထားသော Data များကို ဆန်းစစ်စီမံရသည့် တာဝန်ဟာလည်း ကြီးမားလာပါတယ်။ ဒီအတွက်ကြောင့် ယခုတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ကျောင်းသားများအနေနဲ့ data တွေကို မည်သို့မည်ပုံ စီမံကြမလဲဆိုတာ အခြေခံအားဖြင့် သိရှိနားလည်အောင် Data Analytics အတန်းလေးကို စီစဉ်ဆောင်ရွက်ထားပါတယ်။ ယခုအတန်းလေးမှာ ပါဝင်မယ့်သင်ခန်းစာများကတော့ Data Integration and Transformation Data Modeling and Relationships Data Visualization and Presentation Data Analysis and Insights Report and Dashboard Development Data Sharing and Collaboration Data Security and Governance Real-World Application စာသင်ချိန်တစ်လကြာမြင့်မည့် ယခုအတန်းဟာ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့၊ ညနေ (၇) နာရီမှ (၉) နာရီအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ စတင်ဖွင့်လှစ်မည့်ရက်ကတော့ ဒီဇင်ဘာလ (၆) ရက်နေ့ပဲဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးဖော်ပြပါ link လေးမှာ စာရင်းပေးသွင်းဖို့တော့ လိုပါမယ်နော်။https://forms.gle/65cmZw4MPQwnJjpi8
Web Development
Web Development ယနေ့လို တိုးတက်မှုတွေမြန်ဆန်နေတဲ့ခေတ်ကြီးမှာ နည်းပညာရဲ့ အခန်းကဏ္ဍ၊ နည်းပညာသမားတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို လူသားအရင်းအမြစ်လိုအပ်မှုဟာလည်း မြင့်မားဆဲပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာခေတ်ကြီးမှာ နည်းပညာနဲ့အဆက်မပြတ်ဖို့၊ နည်းပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အခြေခံသိရှိမှုတွေကို ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ အစီအစဉ်လေးတစ်ခု ဖန်တီးပေးထားတာရှိပါတယ်။ အဲ့ဒါကတော့ ယခုပြောကြားပေမယ့် Web Development အတန်းလေးပဲဖြစ်ပါတယ်။ တက်ရောက်နိုင်သူများကတော့ ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ နွေဦးတော်လှန်ရေးအတွင်း ပညာရေးသပိတ်မှောက်ကျောင်းသားများပဲဖြစ်ပါတယ်။သင်ကြားပေးမယ့်သင်ခန်းစာတွေကတော့ – အခြေခံ Web content များဖန်တီးဖို့အတွက် HTML ဆိုင်ရာ သင်ခန်းစာများ Efficient code များရေးသားနိုင်ဖို့အတွက် သိရှိဖို့လိုအပ်တဲ့ Data Structure and Algorithm Data များကို ကောင်းမွန်စွာ Manipulate ပြုလုပ်နိုင်ဖို့အတွက် Database Management System ယနေ့ခေတ်မှာ ခေတ်စားလျက်ရှိတဲ့ Cloud based ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမှာပဲ။ စတင်သင်ကြားမယ့်ရက်ကတော့ (11/9/2023) ရက်နေ့မှာဖြစ်ပြီး နှစ်လကြာ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာနေ့တိုင်းရဲ့ ညနေ (5:30 pm – 7:00 pm) တိုင်းမှာ Zoom မှ online class အဖြစ်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားမှုလေးတော့ရှိတာကြောင့် တက်ရောက်လိုသူ သပိတ်မှောက်ကျောင်းသားများအနေဖြင့် အမြန်ဆုံးစာရင်းပေးသွင်းထားဖို့တော့ လိုအပ်ပါတယ်နော်။ တက်ရောက်ခွင့်ရောက်သူ ကျောင်းသားများကို E-mail မှတဆင့် ပြန်လည်အကြောင်းကြားမှာဖြစ်တာကြောင့် စာရင်းသွင်းပြီးရင် mail လေးစောင့်ကြည့်ပေးကြဖို့တော့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ Form ဖြည့်သွင်းရန် – https://forms.gle/ZXDLF8vStQXqYh746
ပြီးမြောက်ကြောင်းလက်မှတ် ထုတ်ပြန်ကြေငြာချက်
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်များ ကြားကာလ ပညာရေးဘုတ်အဖွဲ့ မှ ၂၀၂၀ – ၂၀၂၁ ခု ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာနှင့်နှီးနွယ်တက္ကသိုလ်များ၏ နောက်ဆုံးနှစ်ကျောင်းသားများအား နောက်ဆုံးနှစ်ပြီးမြောက်ကြောင်းလက်မှတ်ထုတ်ယူနိုင်ခြင်းနှင့် စပ်လျဉ်း၍ထုတ်ပြန်ကြေညာချက် ကွန်ပျူတာတက္ကသိုလ်များ ကြားကာလ ပညာရေးဘုတ်အဖွဲ့ မှ ၂၀၂၀ – ၂၀၂၁ ခု ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်များ၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIT) မှ (Computer Science Engineering. Electronic and Communication Engineering) နှင့် ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ် မှ (Information Science and Technology, Computer Engineering) အထူးပြုဘာသာရပ်များတွင် နောက်ဆုံးနှစ် သင်တန်း တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား နောက်ဆုံးနှစ် ပြီးမြောက်ကြောင်းလက်မှတ် ထုတ်နိုင်အောင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာကျောင်းအသီးသီး၏ ကျောင်းသားသမဂ္ဂများကိုဆက်သွယ်၍ ပူးတွဲပါ ကြေညာချက် အစီအစဉ်များအတိုင်း အဆင့်လိုက်ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။ ကြားကာလပညာရေးဘုတ်အဖွဲ့ကွန်ပျူတာတက္ကသိုလ်များ
Vocabulary Enrichment Course
Vocabulary Enrichment Course နွေဦးတော်လှန်ရေးအတွင်း ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ သပိတ်မှောက်ကျောင်းသားများအဖြစ် ပါဝင်လျက်ရှိကြသူများအတွက် တော်လှန်ရင်း ပညာရှာနိုင်ဖို့ Vocabulary Enrichment Course လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ ဘာသာစကားတစ်ခုမှာ ဝေါဟာရကြွယ်ဝလေ မိမိဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ပိုမိုပေါ်လွင်လှပအောင် ဖော်ဆောင်နိုင်လေဖြစ်ပါတယ်။ International language ဖြစ်တဲ့ English ဘာသာစကားမှာ ဝေါဟာရများ ပိုမိုကြွယ်ဝလိုတယ်ဆိုရင်တော့ ဒီ Course လေးက သင့်အတွက်ဖြစ်ပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးမှ သောကြာနေ့များတွင် ညနေ (5:00) မှ (6:30) အချိန်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။ (၅) ပတ်ကြာဖွင့်လှစ်မယ့် ယခုအတန်းလေးဟာဆိုရင် (Aug 9th, 2023) မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ လူဦးရေ အကန့်အသတ်ရှိတဲ့အတွက် အမြန်ဆုံးစာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်နော်။ Form ဖြည့်သွင်းရန် link => https://forms.gle/3tpK4r1erck2s5Zw9
Effective Strategies for Enhancing Four Skills in IELTS Course-2
Effective Strategies for Enhancing Four Skills in IELTS Course Batch-2 ကွန်ပျူတာတက္ကသိုလ်များနဲ့ ကွန်ပျူတာနှီးနွယ် တက္ကသိုလ်များကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကြားကာလပညာသင်ကြားရေးအစီအစဉ်ရဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ Effective Strategies for Enhancing Four Skills in IELTS Course ၏ Batch 2 ကိုထပ်မံဖွင့်လိုက်ပါတယ်။ Courseက ဘယ်နေ့စမှာလဲ? ဘယ်လောက်ကြာမှာလဲ။ May 10 ရက်နေ့ကစပြီး ည 6:30 ကနေ 7:30 အချိန် ဗုဒ္ဓဟူးနေ့ ကနေ သောကြနေ့အထိ zoom platformကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါတယ်။ စုစုပေါင်း 15 နာရီစာ Course က 5 ပတ်ကျော် ကြာမြင့်ပါမယ်။ ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ။ဒီ courseကို ကွန်ပျူတာ တက္ကသိုလ်နဲ့ ကွန်ပျူတာနှင့်နှီးနွယ် တက္ကသိုလ်များမှ CDMကျောင်းသားတွေအပြင် အခြားတက္ကသိုလ်မှ CDMကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။ လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေ 30ယောက်တိတိကိုပဲ လက်ခံမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင် မြန်မြန်စာရင်းသွင်းပေးဖို့ လိုတယ်နော်။ Registration Form – https://forms.gle/ZK3JoLtfkCgv1sCh7 ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေ တောက်လျှောက်စတင်လာတော့မှာ ဖြစ်တဲ့အတွက် အမြဲမပြတ် လေ့လာစောင့်ကြည့်ပေးကြပါဦး။