Web Development

ယနေ့လို တိုးတက်မှုတွေမြန်ဆန်နေတဲ့ခေတ်ကြီးမှာ နည်းပညာရဲ့ အခန်းကဏ္ဍ၊ နည်းပညာသမားတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို လူသားအရင်းအမြစ်လိုအပ်မှုဟာလည်း မြင့်မားဆဲပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာခေတ်ကြီးမှာ နည်းပညာနဲ့အဆက်မပြတ်ဖို့၊ နည်းပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အခြေခံသိရှိမှုတွေကို ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ အစီအစဉ်လေးတစ်ခု ဖန်တီးပေးထားတာရှိပါတယ်။ အဲ့ဒါကတော့ ယခုပြောကြားပေမယ့် Web Development အတန်းလေးပဲဖြစ်ပါတယ်။
 
တက်ရောက်နိုင်သူများကတော့ ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ နွေဦးတော်လှန်ရေးအတွင်း ပညာရေးသပိတ်မှောက်ကျောင်းသားများပဲဖြစ်ပါတယ်။
သင်ကြားပေးမယ့်သင်ခန်းစာတွေကတော့ –
  • အခြေခံ Web content များဖန်တီးဖို့အတွက် HTML ဆိုင်ရာ သင်ခန်းစာများ
  • Efficient code များရေးသားနိုင်ဖို့အတွက် သိရှိဖို့လိုအပ်တဲ့ Data Structure and Algorithm
  • Data များကို ကောင်းမွန်စွာ Manipulate ပြုလုပ်နိုင်ဖို့အတွက် Database Management System
  • ယနေ့ခေတ်မှာ ခေတ်စားလျက်ရှိတဲ့ Cloud based ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမှာပဲ။
စတင်သင်ကြားမယ့်ရက်ကတော့ (11/9/2023) ရက်နေ့မှာဖြစ်ပြီး နှစ်လကြာ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာနေ့တိုင်းရဲ့ ညနေ (5:30 pm – 7:00 pm) တိုင်းမှာ Zoom မှ online class အဖြစ်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
 
လူဦးရေကန့်သတ်ထားမှုလေးတော့ရှိတာကြောင့် တက်ရောက်လိုသူ သပိတ်မှောက်ကျောင်းသားများအနေဖြင့် အမြန်ဆုံးစာရင်းပေးသွင်းထားဖို့တော့ လိုအပ်ပါတယ်နော်။ တက်ရောက်ခွင့်ရောက်သူ ကျောင်းသားများကို E-mail မှတဆင့် ပြန်လည်အကြောင်းကြားမှာဖြစ်တာကြောင့် စာရင်းသွင်းပြီးရင် mail လေးစောင့်ကြည့်ပေးကြဖို့တော့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
 
Form ဖြည့်သွင်းရန် – https://forms.gle/ZXDLF8vStQXqYh746